PROPERTY BENCHMARK PRICES FOR YEAR 2019-2020 (YANGON REGION)

Yangon Benchmark Price Release for Year 2019-2020 and Summary Notes

( အောက်တွင် မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။)

Yangon Benchmark Prices report for 2019-2020 financial years for real-estate sector was released by Internal Revenue Department (IRD). The most significant changes we found are the land prices in Bahan Township, Inner City of Yangon. Nearly 70% was significantly increased for land plots along Old Yay Tar Shay street although land prices are 47% reduced in narrow streets in Bahan Township. Land located along some streets in Mayangone Township, Thingangyun Township and Inn Sein Township, are price-reduced at around 10%. We have learnt that land prices in Bo Mu Bahtoo Street in New Dagon ( North) were raised to 25 % whilst land located in inner streets in the township were reduced nearly to 40 %. In Than Lyin Township, lands on main roads and Inner streets are reduced from nearly 10 % to 25% accordingly. Mostly, the land prices of those located in inner city and outside of YCDC remain the same with the prices levied in 2018-2019 Benchmark Report. We have learnt that significant land price reduction was performed in 2018-2019 financial year for the purpose to promote more sales transactions as well as to encourage land owners to pay their taxes. The reduced prices are still maintained this year. The apartment and condo prices also remain the same although the apartment prices were only upgraded till sixth floor and above for this year.

IRD also released reports for the other states and regions as well. Therefore, land Benchmark Prices lists for other regions will also be uploaded on our website soon.

Please click the following links to learn sample property benchmark prices for Lanmadaw Township ( within YCDC Boundary) and Kyauktan Township (outside YCDC Boundary) for 2019-2020.

Please leave a message in comment box to know Benchmark Prices for other townships for Year 2019-2020 levied by Price Valuation Board

If you have any further question about this article, please do not hesitate to email us hninwutyee@jvmyanmar.com or eithinzarjue@jvmyanmar.com

၂၀၁၉-၂၀၂၀ စည်းကြပ်နှစ် ရန်ကုန်မြို့အတွက် ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်မြို့  အိမ်ခြံမြေ ကဏ္ဍအတွက် တန်ဖိုး သတ်မှတ်ပေးမည့် အစီရင်ခံစာကို ပြည်တွင်းအခွန်များ ဦးစီးဌာနက စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ ပါသည်။ အထင်ကရ ပြောင်းလဲမှု အဖြစ် ရန်ကုန်မြို့ အတွင်း ဗဟန်းမြို့ နယ်ရှိ မြေကွက်ဈေးများ ပြောင်းလဲခဲ့သည်ကို တွေ့ ရှိရပါသည်။ ရေတာရှည် လမ်းဟောင်းအတွင်းရှိ မြေကွက်ဈေးများသည် ၇၀%အထိ သိသိသာသာ မြင့်တက်ခဲ့ ပြီး အဆိုပါ မြို့ နယ်အတွင်းရှိ မြေကွက်များအတွက်မူ ၄၇% အထိ တန်ဖိုးလျော့ကျခဲ့ ပါသည်။ မရမ်းကုန်းမြို့ နယ်၊ သဃ်န်းကျွန်းမြို့ နယ် နှင့် အင်းစိန်မြို့ နယ် အတွင်းရှိ အချို့ သော လမ်းတလျှောက် မြေကွက်များမှာ ၁၀% ခန့်  တန်ဖိုးလျော့ကျခဲ့သည်ကို တွေ့ ရှိရပါသည်။ ဒဂုံမြို့ သစ်မြောက်ပိုင်းတွင်မူ ဗိုလ်မူးဗထူးလမ်းရှိ မြေကွက်များသည် ၂၅% အထိ ဈေးတက်ခဲ့ ပြီး အတွင်းပိုင်းလမ်းတလျှောက် မြေကွက်တန်ဖိုးများမှာ ၄၀% အထိ လျော့ကျခဲ့သည်ကို လေ့လာတွေ့ ရှိရပါသည်။ သန်လျှင်မြို့ နယ်တွင်မူ အဓိကလမ်းမကြီးနှင့် အတွင်းဘက်ပိုင်း လမ်းများအတွင်းရှိ မြေကွက်များသည် ၁၀% မှ ၂၅% အထိ အသီးသီး ဈေးလျော့ကျခဲ့ပါသည်။ များသောအားဖြင့် ရန်ကုန်မြို့ တွင်း၊ မြို့ ပြင် ရှိ မြေကွက်အများစုအတွက် သတ်မှတ်နှူန်းထားများသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်မြို့ အိမ်ခြံမြေကဏ္ဍအတွက် တန်ဖိုးသတ်မှတ်ပေးသည့် အစီရင်ခံစာအတွင်းရှိ တန်ဖိုးများအတိုင်း မပြောင်းလဲသည်ကို တွေ့ ရှိရပါသည်။ ယခင်နှစ်အတွင်းတွင် သိသာများပြားသော ဈေးနှုန်းလျှော့ချမှုများကို တွေ့ ရှိခဲ့ ရပြီး၊ ထိုသို့ လျှော့ချရခြင်းမှာ အိမ်ခြံမြေအရောင်းအ၀ယ် ကောင်းမွန်စေရန်နှင့် မြေရှင်များအား အခွန်ပေးဆောင်ရ လွယ်ကူစေရန် ရည်ရွယ်သည်ဟု သိရှိခဲ့ ရပါသည်။ ထို့ ကြောင့် ယခင်နှစ်အတွင်း လျှော့ချခဲ့ပြီးသော မြေတန်ဖိုး ဈေးနှုန်းအများစုအတိုင်း ယခုနှစ်တွင် ပြောင်းလဲမှု မရှိသေးသည်ကို တွေ့ ရှိရပါသည်။  တိုက်ခန်းနှင့် ကွန်ဒို ဈေးနှုန်းထားများပြောင်းလဲခြင်း မရှိသော်လည်း တိုက်ခန်းဈေးသတ်မှတ်မှုအတွက် ၆ လွှာနှင့်အထက်ဟု ပြင်ဆင်ထားပါသည်။

ပြည်တွင်း အခွန်များဦးစီးဌာနသည် အခြားတိုင်းနှင့် ပြည်နယ်များအတွက် တန်ဖိုးသတ်မှတ်ပေးမည့် စံနှုန်းများကိုလည်း ထုတ်ပြန်ထားပါသည်။ ထို့ ကြောင့် ၄င်းပြည်နယ်နှင့် တိုင်းများအတွက် တန်ဖိုးသတ်မှတ်ပေးမည့် စံနှုန်းများကိုလည်း ကျွန်ုပ်တို့ ၏ ၀က်ဘ်ဆိုဒ် ပေါ်တွင် မကြာမီ ဖော်ပြသွားမည်ကို အသိပေးအပ်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ် လမ်းမတော်မြို့နယ် နှင့် ကျောက်တန်းမြို့နယ် အတွက် သတ်မှတ်ထားသော အိမ်ခြံမြေ ကာလတန်ဖိုးများအား နမူနာအနေဖြင့် အောက်ဖော်ပြပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။

၂၀၁၉-၂၀၂၀ စည်းကြပ်နှစ်အတွက် ရန်ကုန်မြို့ နယ် ရှိ အခြားသော မြို့ နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများကို ပြည့်စုံစွာ သိရှိလိုပါက comment box မှတဆင့် စာပေးပို့ ကာ တောင်းဆိုနိုင်ပါသည်။

အစီရင်ခံစာနှင့်ပတ်သက်၍ တစုံတရာ သိလိုသည်များရှိပါက hninwutyee@jvmyanmar.com သို့မဟုတ် eithinzarjue@jvmyanmar.com အီးမေးပို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *