၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများ
အိမ်ခြံမြေကာလတန်ဖိုးသည် ဘာကိုညွှန်ပြသနည်း။
ယခုဖော်ပြမည့် အိမ်ခြံမြေကာလတန်ဖိုးသည် ရန်ကုန်တိုင်းဒေသကြီး၏ မြို့ နယ်များတွင်တည်ရှိသော လမ်းနေရာများအပေါ်မူတည်ပြီး စတုရန်းပေအလိုက် စံသတ်မှတ်ထားသော မြေကွက်တန်ဖိုးများဖြစ်ပါသည်။ ထို့ အပြင် ရန်ကုန်တိုင်းဒေသကြီး၏ မြို့ နယ်များတွင်တည်ရှိသော ကွန်ဒိုများ တိုက်ခန်းများ အတွက် အလွှာအလိုက် စတုရန်းပေအပ်ါမူတည်ပြီး သတ်မှတ်ထားသော စံနှုန်းထားများလည်း ပါဝင်ပါသည်။
အိမ်ခြံမြေကာလတန်ဖိုးများသတ်မှတ်ခြင်းကို မည်သူမှ တာဝန်ယူဆောင်၇ွက်ပြီး တန်ဖိုးကို ဘယ်လိုသတ်မှတ်သနည်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ စည်းကြပ်နှစ် ၂၀၁၇-၂၀၁၈ အတွက် အိမ်ခြံမြေကာလတန်ဖိုးများနှင့် ပတ်သတ်၍ စာရင်းအသစ်တစ်ခု ထုတ်ပြန်ခဲ့ ပါသည်။ အခွန်များပေးဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ မြို့ နယ်များရှိ မြေကွက်များနှင့် တိုက်ခန်းများ၏ ကာလတန်ဖိုးများအတွက် ဈေးကွက်အနေအထားအပ်ါမူတည်ပြီး တဖန်ပြန်လည် အကဲဖြတ်ထားခြင်းဖြစ်ပါသည်။ နိုင်ငံ၏ တိုင်းဒေသ ပြည်နယ်များအလိုက် စီးပွားရေး ကျဆင်းမှုများ တုန်လှုပ်မှုများကို ထိန်းညှိနိုင်ရန်အတွက် တန်ဖိုးဖြတ်ဘုတ်အဖွဲ့ အစည်းမှနေ၍ အားထုတ်ကြိုးပမ်းထားခြင်းဖြစ်ပါသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်မှ စ၍ ၀န်ကြီးဌာနမှ ရန်ကုန်မြို့ ရှိ အဆိုပါမြို့နယ်များတွင် စတုရန်းပေအလိုက် တန်ဖိုးများ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ IRD အရာရှိများနှင့် အိမ်ခြံမြေအကျိုးဆောင် အဖွဲ့ အစည်းများမှ နှစ်စဉ် မြို့ နယ်အလိုက် အိမ်ခြံမြေ တန်ဖိုးများအား လေ့လာပြီး ကာလတန်ဖိုးများအားဈေးကွက်အရ ပြန်လည်သတ်မှတ်ထားခြင်းဖြစ်ပါသည်။ တန်ဖိုးဖြတ်ဘုတ်အဖွဲ့ အစည်းမှ နှစ်စဉ် အိမ်ခြံမြေဈေးကွက်လှုပ်ရှားမှုများနှင့် ဒေသအလိုက် စီးပွားရေးအခြေအနေ အပြောင်းအလဲပေါ်မူတည်ပြီး အိမ်ခြံမြေ ဈေးနှုန်းများကို နှစ်စဉ်အသစ်ပြန်လည်တန်ဖိုးသတ်မှတ်ထားခြင်းဖြစ်ပါသည်။
အိမ်ခြံမြေကာလတန်ဖိုးဆိုသည်မှာ ဘာလဲ နှင့် အိမ်ခြံမြေ အရောင်အ၀ယ်လုပ်ငန်းစဉ်များအတွက် မည်ကဲ့ သို့ အကျိုးသက်ရောက်မှုရှိသနည်း။
ဒီတွင်ဖော်ပြထားသော အိမ်ခြံမြေ အခွန်ဆိုသည်မှာ ၀င်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ သူများအတွက် အိမ်ခြံမြေလုပ်ငန်းများဆောင်ရွက်ပါက ပေးဆောင်ရန်သတ်မှတ်ထားသော အခွန်ငွေဖြစ်ပါသည်။ ယင်းအခွန်ငွေမှာ အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်ငန်းများဆောင်ရွက်ရာတွင် တကြိမ်သာ အစိုးရအားပေးဆောင်ရမည့် အခွန်ငွေဖြစ်ပါသည်။ အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စများ ဆောင်ရွက်မည်ဆိုပါ က ထိုပုဂ္ဂိုလ် အနေနင့် အဆိုပါမြေကွက် တည်ရှိရာ မြို့ နယ် မှ သက်ဆိုင်ရာအခွန်ရုံးအား အရင် ဆက်သွယ်ရန်လိုအပ်ပါသည်။ ထို့ အပြင် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ငန်းနှင့် ဆက်စပ်သော စာရွက်စာတမ်းများအား အဆိုပါ အခွန်ရုံးသို့ တင်ပြရမည်ဖြစ်ပါသည်။ ထို့နောက် ဒေသခံတာဝန်ရှိသူများမှ သက်ဆိုင်ရာမြေကွက်နှင်ပတ်သက်ပြီး အသုံးချ မည့်ငွေများ မှာ မည်သို့ ရရှိလာပုံနှင့် အဆိုပါ ပုဂ္ဂိုလ်သည် ၀င်ငွေခွန် အားပုံမှန်ပေးဆောင်ခြင်းရှိမရှိအား စစ်ဆေးသွားမည်ဖြစ်ပါသည်။ အကယ်၍ ၀င်ငွေခွန် ပေးဆောင်ရန်ပျက်ကွက်ခြင်းကို တွေ့ ရှိပါက ကာလတန်ဖိုးဖြတ်ဘုတ်အဖွဲ့ အစည်းမှနေ၍ သက်ဆိုင်ရာ အိမ်ခြံမြေအပေါ်မူတည်၍ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါအဖွဲ့ အစည်းမှ သက်ဆိုင်ရာ မြေကွက်(သို့ ) တိုက်ခန်းတည်ရှိရာ နေရာနှင့် အိမ်ခြံမြေကာလတန်ဖိုးဖြတ်ထားသော စာရင်းမှ တန်ဖိုးအပေါ်မူတည်၍ ပေးဆောင်ရမည့် အခွန်ငွေအားဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
အိမ်ခြံမြေအခွန်အား ဘယ်လို ခွဲခြားသတ်မှတ်ထားသနည်း။
နှစ်အလိုက် ကာလတန်ဖိုးစီစစ်ရေး အဖွဲ့ က ပြောင်းလဲ သတ်မှတ်ထားသော ဈေးနှုန်းများသည် အိမ်ခြံမြေ၀ယ်ယူမှုနှင့် သက်ဆိုင်သော အခွန်ကောက်ခံရာတွင် သက်ရောက်မှုရှိပြီး တစ်ကျက် ကနေ ကျပ်သိန်းသုံးရာအထိ (၁၅) ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀၁) မှ ကျပ်သိန်း (၁၀၀၀) အထိ (၂၀) ရာခိုင်နှုန်းနှင့် ကျပ်သိန်း (၁၀၀၁) နှင့်အထက် ရောင်းချမှုများအတွက် (၃၀) ရာခိုင်နှုန်းကောက်ခံခြင်းဖြစ်ပါသည်။ ၀င်ငွေခွန်ပေးဆောင်ခြင်းမရှိသောသူမှအိမ်ခြံမြေအရောင်းအ၀ယ်လုပ်ကိုင်မှုများအတွက်ဈေးနှုန်းသတ်မှတ်ချက်အလိုက် အခွန်ရာခိုင်နှုန်းအရ ပေးဆောင်သွားရမည် ဖြစ်ပါသည်။ ဥပမာ- သိန်းသုံးရာတန်ဖိုးရှိ မြေကွက်အားဝယ်ယူမည့် ၀င်ငွေခွန်ပေးဆောင်ထားခြင်းမရှိသူ၏ အိမ်ခြံမြေအခွန်ပေးဆောင်ရန်တန်ဖိုးနှုန်းထားမှာ ၀ယ်ယူမည့် မြေကွက် တည်ရှိတာ နေရာ အရ ကာလတန်ဖိုးဖြတ် စာရင်းတွင် သတ်မှတ်ထားသော တန်ဖိုးမှ ၁၅ရာခိုင်နှုန်းအားတွက်ချက်ပြီး အခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့အပြင် တံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်းကိုလည်း တစ်ပါးတည်း ပေးဆောင်ရမည် ဖြစ်ပါသည်။
အိမ်ခြံမြေအခွန်ပေးဆောင်ရန်မည်သူ့ တွင်တာဝန်ရှိသနည်းနှင့် အခွန်ငွေကောက်ခံရခြင်းရည်ရွယ်ချက်။
အဆိုပါအိမ်ခြံမြေအားပေးဆောင်ရန် ၀င်ငွေခွန် ပုံမှန်ပေးဆောင်းရန် ပျက်ကွက်သူများတွင်သာ တာဝန်ရှိပါသည်။ ယင်းစနစ်အား အစိုးရအနေနှင့် ၀င်ငွေခွန်ပေးဆောင်ရန်ပျက်ကွက်သူများအား အရေးယူရန်နှင့် အိမ်ခြံမြေခွန်များ အလွန်အကျွံကောက်ခံခြင်းအားရှောင်ရှားနိုင်ရန် အတွက် ကျင့်သုံးရခြင်းဖြစ်ပါသည်။
နောက်ဆက်တွဲ
ထို့အပြင်အိမ်ခြံမြေကိစ္စများ ဆောင်ရွက်တိုင်း ပေးဆောင်ရမည့် နှစ်စဉ်အိမ်ခြံမြေအခွန်များ လည်း ရှိသေးကြောင်းသိရသည်။ ယင်းအခွန်များမှာ ပိုင်ဆိုင်သည့် မြေကွက် ပစ္စည်းအလိုက် ရရှိသော နှစ်စဉ် တန်ဖိုးအပေါ်မူတည်၍ ပေးဆောင်ရသော အခွန်ငွေ ဖြစ်ပါသည်။ ယင်းနှစ်စဉ်အလိုက် အိမ်ခြံမြေအခွန်အား ဒေသခံအာဏာပိုင်များမှ ပိုင်ဆိုင်မှုတည်ရှိရာ နေရာအလိုက် ကောက်ခံခြင်းဖြစ်ပါသည်။ နှစ်စဉ် အိမ်ခြံမြေအခွန်တွင် အထွေထွေ အခွန်၊ လျှပ်စစ်မီတာခွန်၊ ရေခွန် နှင့် ထိန်းသိမ်းရေးအခွန်တို့ ပါဝင်ပါသည်။
၂၀၁၇-၂၀၁၈ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသောအိမ်ခြံမြေကာလတန်ဖိုးများအား လေ့လာရန်အတွက် အောက်တွင်ဖော်ပြထားသော လင့်များ တွင်ကြည့်ရှုနိုင်ပါသည်။
- ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများ (ရန်ကုန်)
- ရန်ကုန်မြို့ နယ် စည်ပင်သာယာကော်မတီနယ်မြေပြင်ပ မြို့ နယ်များတွင်တည်ရှိသော မြေကွက်စံနှုန်းများ
- ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် တိုက်ခန်းရောင်းဝယ်ခြင်းများ အပေါ် စည်းကြပ်ရန်နှုန်းထားများ (တိုက်ခန်း)
- ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် တိုက်ခန်းရောင်းဝယ်ခြင်းများ အပေါ် စည်းကြပ်ရန်နှုန်းထားများ (ကွန်ဒို)