Property Benchmark Prices for Year 2018-2019 (Pyin Oo Lwin Township)

Pyin Oo Lwin Township Benchmark Price Release for Year 2018-2019 and Summary Notes

(အောက်တွင်မြန်မာလိုဖတ်ရှုနိုင်ပါသည်။)

International Revenue Department (IRD) in Myanmar released property benchmark prices for Pyin Oo Lwin Town in June, 2019. Pyin Oo Lwin, formerly and colloquially referred to as Maymyo, is known for recreational weather and its scene of Colonial houses in Mandalay Division. It covers a total of 763.74 Square miles and the current population is approximately over 0.17 million. Pyin Oo Lwin administratively consists of 21 wards and a few villages. Pyin Oo Lwin used to be popular for making investments with high land prices around Kan Daw Gyi and Kan Daw Lay Lake and the land of the villages outside of town had raised prices to a great deal due to the Cyber City project and University of Yadanabon Cyber City opened. Meanwhile in these few years, prices in Pyin Oo Lwin has fallen and transaction has been stable. In 2019, tax rates for real estate has reduced from the last year, sale transactions are expected to increased. Compared to last year, the benchmark land prices have fallen to 40% in most areas. The highest prices can be found on the main road of Ward (2), (3), (4), (5), (6) and are in a range from 43,388 MMK to 74,380 MMK per square foot. The apartment prices remain the same, however, the apartment prices were only upgraded till fourth floor. However,  the benchmark prices are referenced for the tax purpose only. The actual market prices could be relatively higher than the benchmark prices described in the report.

Please click the following links to learn the property benchmark prices for Pyin Oo Lwin Township for 2018-2019.

၂၀၁၈-၂၀၁၉ စည်းကြပ်နှစ် ပြင်ဦးလွင်မြို့နယ်အတွက် ကာလတန်ဖိုးသတ်မှတ်ပေးမည့်မြေကွက်စံနှုန်းများ

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြင်ဦးလွင်မြို့နယ် အိမ်ခြံမြေကဏ္ဍအတွက်တန်ဖိုးသတ်မှတ်ပေးမည့်အစီရင်ခံစာကို ပြည်တွင်းအခွန်များဦးစီးဌာနမှဇွန်လတွင်ထုတ်ပြန်ခဲ့သည်။ မန္တလေးတိုင်းတွင်တည်ရှိပြီး အရပ်သုံးစကားအရ မေမြို့ဟုလည်းခေါ်တွင်သော ပြင်ဦးလွင်မြို့သည် နေထိုင်ရန်ကောင်းမွန်သောမြို့ဖြစ်ပြီး ကိုလိုနီခေတ်အဆောက်အဦးများ၏လှပသော မြင်ကွင်းများကြောင့်လည်း လူသိများသောမြို့တစ်မြို့ဖြစ်သည်။ လက်ရှိ ပြင်ဦးလွင်အား ရပ်ကွက်ပေါင်း (၂၁) ခုနှင့် ရွာအချို့ဖြင့်ဖွဲ့စည်းထားပြီး  ဧရိယာ အကျယ်အ၀န်း စုစုပေါင်း၇၆၃.၇၄ စတုရန်းမိုင်ရှိကာ လူဦးရေ၁.၇ သိန်းကျော် နေထိုင်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့သည် နေထိုင်ရန်အလွန်ခေတ်စားသောမြို့ဖြစ်ခဲ့ပြီး ကန်တော်ကြီး နှင့် ကန်တော်လေး ပတ်လည်ရှိမြေဈေးများ အလွန်မြင့်တက်ခဲ့သည်။ ပြင်ဦးလွင်မြို့ပြင်ရှိ ရွာများသည်လည်း ရတနာပုံဆိုင်ဘာစီးတီးတက္ကသိုလ်စတင်ဖွင့်လှစ်ပြီးနောက် အိမ်ခြံမြေဈေးများ များစွာတက်လာခဲ့သည်။ ယခုနှစ်ပိုင်းများတွင်တော့ ပြင်ဦးလွင်အိမ်ခြံမြေဈေးများ ကျဆင်းလာ၍ အရောင်းအဝယ်များငြိမ်လျက်ရှိသည်။ ၂၀၁၉ တွင် အခွန်ငွေများလျော့လာသောကြောင့် အရောင်းအဝယ်များမြင့်တက်လာမည်ဟု ခန့်မှန်းရသည်။ မနှစ်ကနှင့် နိုင်းယှဉ်လျှင် အိမ်ခြံမြေစည်းကျပ်တန်ဖိုးများ ၄၀% အထိ နေရာအတော်များများတွင်ကျဆင်းသွားခဲ့သည်။ အမြင့်ဆုံးဈေးမှာ တစ်ပေလျှင် ၄၃၃၈၈ ကျပ်မှ ၇၄၃၈၀ ကျပ်ထိရှိပြီး ရပ်ကွက်ကြီး (၂)၊(၃)၊(၄)၊(၅)၊(၆) ရှိလမ်းမကြီးများတွင်တွေ့ရသည်။ တိုက်ခန်းဈေးနှုန်းထားများပြောင်းလဲခြင်းမရှိသော်လည်းတိုက်ခန်းဈေးသတ်မှတ်မှုတွက် ၄လွှာအထိသာပြင်ဆင်ထားသည်ကိုတွေ့ရသည်။သို့သော်လည်း အဆိုပါ ကာလတန်ဖိုးသတ်မှတ်ချက်များမှာ ၀င်ငွေခွန်တွက်ချက်ရာတွင်ရည်ညွှန်းရန်အတွက်သာဖြစ်ပြီး အမှန်တကယ် ဈေးကွက်ပေါက်ဈေးမှာ အနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။ ၂၀၁၈-၂၀၁၉ခုနှစ် ပြင်ဦးလွင်အတွက် သတ်မှတ်ထားသောအိမ်ခြံမြေကာလတန်ဖိုးများအား လေ့လာရန်အတွက် အောက်တွင်ဖော်ပြထားသော လင့်များ တွင်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *